အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိ
၂-၁၀-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်း မြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက် (၅၅၊ ၅၈)နေရာတို့မှ တရားမဝင် ကျွန်း သစ်/ခွဲခြမ်း (၄၅)လုံး/ ချောင်း (၆.၈၆၂၀)တန်နှင့် လုံးပတ်၃ပေအောက်ကျွန်းသစ် (၆)လုံး (၀.၆၂၆၀)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။



date:
Friday, October 4, 2019 - 14:00
