အမရပူရမြို့နယ်၊ စာတိုးကျေးရွာအရှေ့ဘက်(၂)မိုင်ခန့်အကွာ၊ ဒုဌတတီမြစ်ကမ်းဘေး တွင် စက်လှေ(၁)စီးနှင့်အတူ တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃-၁၀-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ စာတိုးကျေးရွာအရှေ့ဘက်(၂)မိုင်ခန့်အကွာ၊ ဒုဌတတီမြစ်ကမ်းဘေးတောင်ကိုင်းချောင်ဆိပ်နေရာ၌ (စိမ်းပြာကြား) စက်လှေ(၁)စီးနှင့်အတူ တရားမဝင်ကျွန်းသစ်/ခွဲသား/ခွဲခြမ်း(၁၀၈)လုံး/ချောင်း/ခြမ်း (၄၄.၅၀၁၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, October 7, 2019 - 13:15