ပင်လည်ဘူးမြို့နယ်၊ ပင်လည်ဘူး-ကောလင်းနယ်စပ်၊ သဲချောင်းချောင်းအနီးတွင် တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၇-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လည်ဘူးမြို့နယ်၊ ပင်လည်ဘူး-ကောလင်းနယ်စပ်၊ သဲချောင်းချောင်းအနီးနေရာ JIANDONG (၃၀)ကောင်အင်ဂျင်(၁)လုံးသစ်စက်နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်ကျွန်း/ကညင်/အင်/သစ်/ခြမ်း/ခွဲသား(၁၄၃)လုံး/ခြမ်း/ချောင်း (၂၃.၉၁)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, October 31, 2019 - 10:15