ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ပျဉ်းကတိုးခွဲသားများ ဖမ်းဆီးရမိ

၂၇-၁၀-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၃၃/၃)နှင့် (၃၃/၄)ကြားနေရာ၌ မော်တော်ယာဉ်အမှတ်(YGN 8G/9580) NISSAN DIESEL (၆)ဘီး(ခေါင်းဖြူပြာကြား)ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား(၁၉၁)ချောင်း (၇.၂၃၅၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, October 31, 2019 - 10:30