နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၂၃၃.၄၉၆၄)တန်၊ သစ်မာ(၈၂.၀၅၈၄)တန်၊ အခြား (၁၂၆.၅၄၀၉)တန်၊ စုစုပေါင်း(၄၄၂.၀၉၅၇)တန်၊ တရားခံ(၅၅)ဦး၊ ယာဉ်/ယန္တရား(၄၁)စီး ဖမ်းဆီးရမိခဲ့ပါသည်-
ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၁-၁၁-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ နမ့်ပိန်းလိန်ကြိုးပြင်ကာကွယ်တော အကွက်အမှတ်(၆၂)အတွင်း စုစုပေါင်း တရားမဝင် ကျွန်း/ပိတောက်သစ်လုံး (၁၇၅)လုံး (၈၃.၁၆၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, November 6, 2019 - 15:15