ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမှုအပေါ် လူထု၏ သဘောထားအမြင် ၊ စိတ်ကျေနပ်မှုနှင့် ထောက်ခံအားပေးမှုအခြေအနေ (နေပြည်တော်၊ ငလိုက်စခန်းသာဆင်စခန်း၏ဖြစ်ရပ်အား လေ့လာဆန်းစစ်ခြင်း)

It appears your Web browser is not configured to display PDF files. Download adobe Acrobat or click here to download the PDF file.

Click here to download the PDF file.

တောရိုင်းတိရိစ္ဆာန်အခြေပြုခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးနှင့် ရေရှည် တည်တံ့စေသော တောရိုင်းတိရစ္ဆာန်အရင်းအမြစ်များအပေါ် စီမံခန့်ခွဲနိုင်သည့်အခွင့်အလမ်းကို တိုးတက် လာစေနိုင်သည့်အပြင် ခရီးသွားဧည့်သည်များ၏ ပတ်၀န်းကျင်နှင့်ထိန်းသိမ်းစောင့်ရှောက်ရေး ထင်မြင် ယူဆချက်များသည် ကမ္ဘာအနှံ့တွင် တဖြည်းဖြည်ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် တောရိုင်းတိရစ္ဆာန် များ၏ အခန်းကအပေါ် ကမ္ဘာလှည့်ခရီးသွားများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ ၏ စိတ်ဝင်စားမှုကို များစွာရရှိလာခဲ့သည်။ ဆင်ထိန်းသိမ်းရေးအခြေပြုခရီးသွားလုပ်ငန်းကို ၂၀၁၆ ခုနှစ်မှစတင်၍ မြန်မာ့သစ်လုပ်ငန်းမှ စတင်ခဲ့ပြီး ရည်ရွယ်ချက်အမျိုးမျိုးရှိသူများ၏ အာရုံစူးစိုက်မှုကို နှစ်စဉ် ရရှိခဲ့သော်လည်းဆင်စခန်းများနှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားနှင့် ကျေနပ်အားရမှု အခြေအနေကို အနည်းငယ်သာမျှသာသိရှိခဲ့ရသည်။ ဤလေ့လာမှု၏ ရည်ရွယ်ချက်မှာ အများပြည်သူ ခရီးသွားဧည့်သည်များ၏ရှုထောင့်များကို အထူးဂရုပြုခြင်းဖြင့် ဆင်ထိန်းသိမ်းရေး အခြေပြုခရီးသွား လုပ်ငန်းအပေ ပြည်သူလူထု၏သဘောထားအမြင်နှင့်ကျေနပ်မှု၊ သစ္စာစောင့်သိမှုတို့ကို စူးစမ်းရန် ဖြစ်သည်။ ဆင်စခန်းသို့လာရောက်ကြသော ခရီးသွားဧည့်သည်စုစုပေါင်း (၃၅၀)ဉီးအား အခြေခံကျ သောအချက်အလက်အတွက် တစ်စိတ်တစ်ပိုင်းဖွဲ့စည်းထားသည့် မေးခွန်းလွှာများမှတဆင့် ကျပန်း တွေ့ဆုံမေးမြန်းခဲ့ပြီး လိုအပ်သည့် အချက်အလက်ကိုလည်း မြန်မာ့သစ်လုပ်ငန်းမှ ရယူခဲ့သည်။