ပဲခူးရိုးမအနောက်ဘက်အရပ်ရှိ ကျွန်းစိုက်ခင်းများ၏ သဘာဝမျိုးဆက်ပင်များ ရောနှောပေါင်းစပ် ဖွဲ့စည်းပုံနှင့် သဘာဝမျိုးဆက်ပင် အမျိုးအစားများအား လေ့လာဆန်းစစ်ခြင်း

It appears your Web browser is not configured to display PDF files. Download adobe Acrobat or click here to download the PDF file.

Click here to download the PDF file.

ပဲခူးရိုးမရှိ တောင်နဝင်းကြိုးဝိုင်းနှင့် အလယ်နဝင်းကြိုးဝိုင်းတို့တွင် သုတေသန ပြုလုပ်ခဲ့ပါသည်။ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမ အနောက်ဘက်ခြမ်းတွင် တည်ရှိပါသည်။ အသက်အရွယ် အမျိုးမျိုးရှိသော ကျွန်းစိုက်ခင်းများကို သုတေသနပြုလုပ်ရန် လေ့လာခဲ့ပါ သည်။ စိုက်ခင်း အသက်အရွယ် တစ်ခုစီတွင် နမူနာအကွက် (၁၀) ကွက်စီ ကောက်ယူခဲ့ပါ သည်။ လုံးပတ် ၅ စင်တီမီတာအောက်၊ အမြင့် ၁.၃ မီတာနှင့်အထက် ရှိသော ပင်ပျိုများအား ၁၀ မီတာပတ်လည် အကွက်ဖော်၍သော်လည်းကောင်း၊ လုံးပတ် ၅စင်တီမီတာအောက် ရှိသော အပင်ပေါက်များအား ၄ မီတာပတ်လည် အကွက်ဖော်၍ သော်လည်းကောင်း၊ စာရင်း ကောက်ယူခဲ့ပါသည်။ လေ့လာချက်အရ စိုက်ခင်းအားလုံးတွင် သစ်မျိုးစုစုပေါင်း၅၀ တွေ့ရှိ ရပါသည်။ ဘဂၤပင်သည် အပေါများဆုံးနှင့် လွှမ်းမိုးမှု အားအကောင်းဆုံး သစ်မျိုးဖြစ် ကြောင်း တွေ့ရှိရပါသည်။ သစ်မျိုးများ ပေါက်ရောက်မှုသည် စိုက်ခင်း အသက်အရွယ် ပေါ် မူတည်၍ ကွဲပြားခြားနားကြသည်။ စိုက်ခင်းအသက် ၂၁ နှစ်အတွင်း အသက်အရွယ် ကြီးလာသည်နှင့်အမျှ အပင်အရေအတွက် လျော့နည်းသွားသော်လည်း သစ်မျိုးများပျံ့နှံ့ ပေါက်ရောက်မှု များပြားသည်ကို တွေ့ရှိရပါသည်။ ပင်ကြပ်နှုတ်ခြင်းဆောင်ရွက်မှုများ၊ လူတို့၏ ဝင်ရောက်နှောင့်ယှက်မှုများ၊ အခြားသော အနှောင့်အယှက်များဖြစ်သည့် မီးလောင် ခြင်း များ စသည်တို့သည် သဘာဝ မျိုးဆက်ပင်များအား လျော့နည်းစေသော အကြောင်း အချက်များ ဖြစ်ပေသည်။ စနစ်တကျ ပြုစုခြင်း၊ ကောင်းမွန်သော စီမံအုပ်ချုပ်ခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်းများ ပြုလုပ်ပါက ကျွန်းစိုက်ခင်းများရှိ သဘာဝ မျိုးဆက်ပင်များ ပိုမိုများပြားလာပေမည်။