ဟုမ္မလင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တုံစီကျေးရွာ၏ အနောက်ဘက်(၄)မိုင် ခွဲခန့်အကွာ၊ နတ်နန်း-ရွှေပြည်အေးကားလမ်း တောင်ဘက်နေရာမှ တရားမဝင် အင် သစ်/ခွဲသား (၃၁၀)လုံး/ချောင်း (၁၁.၈၁၄၆)တန်နှင့် လုံးပတ်၃ပေအောက်အင်သစ် (၁၁)လုံး (၁.၅၉၂၆)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, January 7, 2020 - 13:45