လယ်ဝေးမြို့နယ်၊ ရုံးပင်ကြိုးဝိုင်းအတွင်းတရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၆-၁-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရုံးပင်ကြိုးဝိုင်းအကွက် အမှတ်(၁၅)အတွင်း တရားမဝင်ယင်းစပ်/သံသေ/ပိုးမဲဇာသစ်(၄၂)လုံး (၈.၅၃၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, January 20, 2020 - 10:30