လွိုင်ကော်မြို့နယ် (တွဲဘက်) ရှားတောမြို့နယ်နှင့် ရှမ်းပြည်နယ်အစပ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၈-၁-၂၀၂၀ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခလရ(၇၂)တပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအေး ဦးဆောင်သော အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်ကော်မြို့နယ် (တွဲဘက်) ရှားတောမြို့နယ်နှင့် ရှမ်းပြည်နယ် အစပ်မှ တရားမဝင် ပိတောက်သစ်(၈၇)လုံး (၃၃.၈၇၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, January 21, 2020 - 14:30