ကန့်ဘလူမြို့နယ်အတွင်း မော်တော်ယာဉ် (၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့နယ်၊ ကင်းတပ်- ထန်းကုန်း-ဇီးကုန်းမူးဘောင်လမ်း မော်တော်ယာဉ်အမှတ် (SHN-1A/4708)HINHO (၆)ဘီး၊ စိမ်းပြာကြား ယာဉ်ပေါ်မှ တရားမဝင် အင်ခွဲသားဆိုဒ်စုံ (၂၉၁)ချောင်း (၁၀.၄၉၇၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, March 12, 2020 - 14:15