ပေါင်းတည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၇-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ပြည်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါင်းတည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာအုပ်စု၊ ဘုရားငါးဆူကျေးရွာရှိ လူနေထိုင်ခြင်းမရှိသော နေအိမ်ခြံဝန်းအတွင်းမှ တရားမဝင်ကျွန်းခွဲသား/တံခါး(အဆံပါ)/တံခါးဘောင်(အဆံမပါ)/တံခါးဆံ(၆၀၂)ချောင်း/ချပ်(၇.၂၁၄၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 20, 2020 - 12:30