ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းကားလမ်းဘေးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းကားလမ်းဘေး၊ အမှတ်(၁၀)ရပ်ကွက်၊ သရက်ခြံ(၇)လမ်းထိပ်အနီးနေရာ၌ မော်တော်ယာဉ်အမှတ် (9B/9902) (ငြိမ်းချမ်းရေး)မှန်လုံ၊ ဖြူ/နီကြားယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား(၄၈)ချောင်း (၇.၅၁၀၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, March 23, 2020 - 13:30