ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း စက်လှေ(၂)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၁-၃-၂၀၂၀ ရက်နေ့တွင် ဗိုလ်မှူး နေထက်နိုင်ဦးစီးသော စရက(၅၅၂) တိုက်ကင်းလှည့်တာဝန်ထမ်းဆောင်စဉ် ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း အဏ္ဏဝါမောင်(သံခွံ)စက်လှေ(၁)စီး၊ စိုးအဏ္ဏဝါအမည်ပါ(အသားခွံ) စက်လှေ (၁)စီးစုစုပေါင်းစက်လှေ(၂)စီးပေါ်မှ တရားမဝင်(အခြား)သစ်ခွဲသားဆိုဒ်စုံ (ခန့်မှန်း)တန်(၆၀)ခန့်အား တရားခံ(၁၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် ထားရှိပြီး တရားမဝင်သစ်များအား ကျောက်ဖြူမြို့နယ်၊ သစ်တောရုံးဝန်းသို့ သယ်ယူရွှေ့ပြောင်းခြင်း၊တိုင်းတာ စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, March 30, 2020 - 11:30