သာပေါင်းမြို့နယ်၊ ရှောက်ချောင်းဝအနီး၊ ငဝန်မြစ်ကမ်းဘေးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၅-၃-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ ရှောက်ချောင်းဝအနီး၊ ငဝန်မြစ်ကမ်းဘေးမှ တရားမဝင် တောင်သရက်ခွဲသား (၂၇)ချောင်း (၉.၁၃၅၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, April 1, 2020 - 11:30