ပေါက်မြို့နယ်၊ လက်ပံတိုရဲကင်းစခန်းအနီး မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၈-၃-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ လက်ပံတိုရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် ပေါက်မြို့နယ်၊ လက်ပံတိုရဲကင်းစခန်း၏ အနောက်မြောက်ဘက်(၈)မိုင်ခန့်အကွာ မော်တော်ယာဉ်အမှတ်မပါ NISSAN DIESEL (၆)ဘီး၊ ခေါင်းအစိမ်းရောင်နှင့် A6 (၆)ဘီး၊ ခေါင်းအပြာရောင် ယာဉ်ပေါ်တို့မှ တရားမဝင် ကျွန်းခွဲသား(၁၀၅)ချောင်း (၁၁.၃၀၆၂)တန်အား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, April 1, 2020 - 11:30