ကလေးမြို့နယ်၊ ရာဇဂြိုလ်ရွာအနီးတွင် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၂-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရသွားရောက်ဖမ်းဆီးရာ ကလေးမြို့နယ်၊ ရာဇဂြိုလ်ရွာ အနောက်ဘက်(၃)ဖာလုံခန့်အကွာနေရာ၌ လူမရှိပဲရပ်တန့်ထားသော မော်တော်ယာဉ်အမှတ် (စ/၇၁၈၀) TE (အစိမ်းရောင်း) (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်မအူလက်တံရှည်သစ် (၈)လုံး (၃)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါ သည်။

date: 
Tuesday, June 16, 2020 - 13:15