ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာအနီးတွင် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၃-၆-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာအနီး၊ မန္တလေးတူးမြောင်းဘောင်လမ်းအနောက်ဘက်နေရာ၌ မော်တော်ယာဉ်အမှတ်မပါ LIFAN ထော်လာဂျီ (အစိမ်းရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်း/ပျဉ်းကတိုး တံခါးချပ်/ကျဉ်းခွေ (၄၇)ချပ် (၁)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် ကားရပ်၍ ယာဉ်မောင်းထွက်ပြေး သွားခဲ့သဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, June 16, 2020 - 13:15