ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးချောင်းအနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၄-၆-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးချောင်း၏ အရှေ့ဖက်(၂)ဖာလုံခန့်အကွာ တောစပ်၊ ရေပြာကျွန်းမြောင်းအတွင်း၌ တရားမဝင်ကျွန်းခွဲသား (၈၈)ချောင်း (၁၁)တန်အား ဖမ်းဆီးစဉ် ပိုင်ရှင်မတွေ့ရှိပဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, June 16, 2020 - 13:45