ဂန့်ဂေါမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၆-၆-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းမှဝန်ထမ်းများပါဝင်သော ပူးပေါင်း အဖွဲ့သည် ဂန့်ဂေါမြို့နယ်၊ လောင်ထောင်ကြိုးဝိုင်းအကွက်အမှတ်(၅)အတွင်း ပန်းအေးတောင်ချောင်း၏ အရှေ့မြောက်ဘက် (၁)ဖာလုံခွဲခန့်အကွာမှ တရားမဝင် ကျွန်းသစ်လုံး (၁၀)လုံး (၆)တန်အား ဖမ်းဆီးစဉ် ပိုင်ရှင်မတွေ့ရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, June 22, 2020 - 10:30