ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)မှ မြန်မာနိုင်ငံသစ်တောကျောင်းနှင့် ဗဟို သစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာနအတွက် ထောက်ပံ့မည့် သင်ထောက်ကူပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပခြင်း

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) မှ မြန်မာနိုင်ငံသစ်တောကျောင်းနှင့် ဗဟို သစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာနအတွက် ထောက်ပံ့မည့် သင်ထောက်ကူ ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအား (၃၀-၆-၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) နာရီ တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပ ပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)မှ ဌာနေကိုယ်စားလှယ် Ms.Xiaojie Fan မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံသစ်တောကျောင်းနှင့် ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းများ၏ ပညာရေးသင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ရေးအတွက် လိုအပ် ချက်များ ဆန်းစစ်ခြင်းဆိုင်ရာ စီမံကိန်းနှင့် မြန်မာနိုင်ငံသစ်တောကျောင်း၏ သင်ရိုးညွှန်းတမ်း များအား ပြန်လည်ပြင်ဆင်ရေးဆွဲခြင်းနှင့် အဆင့်မြှင့်တင်ခြင်းဆိုင်ရာစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် စီမံကိန်းမျှော်မှန်းရလဒ် (၃.၁)ဖြစ်သည့် ဂေဟစနစ်အခြေပြု သစ်တောစီမံအုပ်ချုပ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်နိုင် မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသစ်တောကျောင်းနှင့် ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး ဌာနတို့အတွက် ယခုလွှဲပြောင်းပေးအပ်သည့် သင်ထောက်ကူပစ္စည်းအမျိုးအစားများမှာ (၁၄) မျိုး၊ အရေအတွက်အားဖြင့် (၁၂၀) ခုဖြစ်ပြီး တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ (၃၇,၀၂၁) ရှိပါ ကြောင်းနှင့် အဆိုပါ သင်ထောက်ကူပစ္စည်းများ အားMs.Xiaojie Fan(FAOR) , Ms.Xavier Bouan( Senior Technical Advisor of the SLM Projects)တို့မှ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်၍ အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်းများ၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO)ဌာနေကိုယ်စားလှယ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

date: 
Wednesday, July 1, 2020 - 09:45