ပုသိမ်ကြီးမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂-၇-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတာဝန်ကျ သစ်တောဝန်ထမ်းများနှင့် ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန် ဦးစီးဌာနအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး- ပြင်ဦးလွင်(အတက်)ကားလမ်း (၁၆)မိုင်စစ်ဆေးရေးစခန်း(အတက်) စင်နေရာတွင် မော်တော်ယာဉ်အမှတ်-YGN(5B/4559)(Nissan Diesel)၁၂ဘီး၊ နီဝါကြားရောင် ယာဉ် (၁)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၇၄)ချောင်း (၅)တန်အား ဖမ်းဆီးစဉ် ယာဉ်မောင်မှာထွက်ပြေး တိမ်းရှောင်သွားသဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, July 6, 2020 - 14:00