အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်းကားလမ်းတွင် မော်တော်ယာဉ်(၃)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၇-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ဘုန်းတောင်ကြိုးဝိုင်းအကွက်အမှတ်(၂၀)အတွင်း၊ အုတ်တွင်း-ပေါက်ခေါင်းကားလမ်းမိုင်တိုင်အမှတ်(၁၁၅/၃)အနီးနှင့် ဗောဓိကုန်းကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၁၁၉/၁)နှင့် (၁၂၀/၃)နေရာတို့၌ မော်တော်ယာဉ်(၃)စီးပေါ်မှ တရားမဝင်ကျွန်း/ပျဉ်းကတိုးသစ်/ခွဲသား/ပါကေး (၅၉၂)လုံး/ချောင်း/ချပ် (၁)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်စပ်တရားခံများအား ဆက်လက်ဖော်ထုတ် အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, July 10, 2020 - 14:45