အောင်လံမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာမြောက်ဘက်ဂိတ်တွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်မီးသွေးအိတ်များ ဖမ်းဆီးရမိ

၆-၈-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်လံ မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာမြောက်ဘက်ဂိတ်တွင် မော်တော်ယာဉ်အမှတ် (BGO-9Q/2592) HINO DUTRO LIGHT TRUCK အစိမ်းရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင်မီးသွေး (၂၀၅)အိတ် အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, August 10, 2020 - 11:15