ပေါက်ခေါင်းမြို့နယ်အတွင်း၊ ခပေါင်းကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ
၁၄-၈-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်လှိုင် ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက်အမှတ် (၄၉) (၅၀) (၅၁) အတွင်းတို့မှ တရားမဝင် ကျွန်းသစ်လုံး/ခြမ်း/ခွဲသား၊ ပျဉ်းကတိုးခွဲသား စုစုပေါင်း (၅၅)လုံး/ခြမ်း/ချောင်း (၇)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/117875952_2755250221377204_3052086017778626935_o.jpg?itok=-hXEE23u)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/117934093_2755250291377197_3370414333605375393_o.jpg?itok=nDsbZ_R_)
date:
Tuesday, August 18, 2020 - 11:45