လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်ခွဲ၊ လားရှိုး-မူဆယ်ပြည်ထောင်စုကားလမ်းမကြီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၈-၈-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်ခွဲ၊ လားရှိုး-မူဆယ်ပြည်ထောင်စုကားလမ်းမကြီး၊ ကောင်းဟော်ကျေးရွာအနီးနေရာ၌ မော်တော်ယာဉ်အမှတ် (BGO 7N/1185) (FUSO) (၁၂)ဘီး ဆီဘောက်ဆာယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၂၃၅)ချောင်း (၇)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, August 20, 2020 - 13:15