မင်းကင်းမြို့နယ်၊ မောက္ကတော်အဆိုပြုကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
၂၃-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများသည် မင်းကင်းမြို့နယ်၊ မောက္ကတော်အဆိုပြုကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင် အင်/ကညင်သစ် (၇)လုံး (၃)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက် မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/118157676_2761360550766171_9215500282731599873_o.jpg?itok=Y-OgLE1F)
date:
Tuesday, August 25, 2020 - 10:30