မံစီမြို့နယ်၊ ဟန်ထက်-မံကျေးရွာသွားလမ်းဘေးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ
၃၁-၈-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မံစီမြို့နယ်၊ ဟန်ထက်-မံကျေးရွာသွားလမ်းဘေးတွင် ယာဉ်အမှတ်၊ 2G/1707 စူပါကာစတန်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၁၇၉)ချောင်း (၁)တန်အား ဖမ်းဆီးစဉ် ပိုင်ရှင်မတွေ့ရှိဘဲ ရပ်ထားသောယာဉ်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်၍ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/117770852_2768298893405670_7013369295285386368_n.jpg?itok=iVAlgASc)
date:
Wednesday, September 2, 2020 - 10:15