ကလေးဝမြို့နယ်၊ ကလေးဝ-ရေဦးကားလမ်းမိုင်တိုင်အမှတ်(၁၀၂/၁)မိုင်အနီး မော်တော်ယာဉ် (၂)စီးပေါ်မှ တရားမဝင်သစ်များဖမ်းဆီးရမိ
၅-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ကလေးဝ-ရေဦးကားလမ်းမိုင်တိုင်အမှတ် (၁၀၂/၁)မိုင်အနီး မော်တော်ယာဉ် (၂)စီးပေါ်မှ တရားမဝင်အင်သစ် (၁၉၃)ချောင်း (၁၆)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။


date:
Tuesday, September 8, 2020 - 10:15