တနင်္သာရီမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
၉-၉-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာအုပ်စု၊ အေးသာယာကျေးရွာ၏ အရှေ့ဘက်(၃)မိုင်ခန့်အကွာ၊ ဆင်ခေါင်းဆိပ်ငဝန်ချောင်းဘေးမှ တရားမဝင် တောင်သရက်/ယမနေ/ပျဉ်းမ သစ်ခွဲသား (၇၁)ချောင်း (၁၀)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/119138590_2776803445888548_5479683033030361104_n.jpg?itok=e_Hz68Z_)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/119037363_2776803485888544_3131287935377238386_o.jpg?itok=mAErx3Dz)
date:
Monday, September 14, 2020 - 09:45