နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ တရားမဝင်သစ်ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၁၁.၀၅၀၈)တန်၊ သစ်မာ (၆၉.၃၃၅၂)တန်၊ အခြား (၁၅၁.၅၅၂၇)တန်၊စုစုပေါင်း(၃၃၁.၉၃၈၇)တန်၊ တရားခံ(၅၇)ဦး၊ယာဉ်/ယန္တရား(၃၆)စီး ဖမ်းဆီး ရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၉-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသ ကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ မြို့မဘိနယ်၊ အမှတ်(၆)ရပ်ကွက်နေ ဦးကျော်လင်းထွန်း (ခ) ဦးမှတ်ကြီး၏ နေအိမ်ခြံဝန်းအတွင်းမှ တရားမဝင် ကျွန်း/ပိတောက်ခွဲသားဆိုဒ်စုံ (၂၁၈)ချောင်း (၂၃.၄၁၂၈)တန် အား တရားခံ (၁)ဦးနှင့်အတူ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Wednesday, September 16, 2020 - 13:00