ဘားအံမြို့နယ်၊ရွှေပြည်တောင်ရွာ၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၉-၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ ကော့စိန်ဘန်အောက်ကျေးရွာအုပ်စု၊ ရွှေပြည်တောင်ရွာရှိ သစ်အရောင်းဆိုင်၌ တရားမဝင်သင်္ဂဒူ/ဘိုင်ခွဲသား (၃၃၁)ချောင်း (၅)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, September 22, 2020 - 15:30