(၁၄-၉-၂၀၂၀) ရက်နေ့မှ (၂၀-၉-၂၀၂၀)ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၃၄.၈၆၈၂)တန်၊ သစ်မာ (၃၄.၆၃၄၆)တန်၊ အခြား (၈၈.၇၃၅)တန်၊ စုစုပေါင်း(၂၅၈.၂၃၇၈)တန်၊ တရားခံ(၄၉)ဦး၊ ယာဉ်/ယန္တရား(၃၈)စီး ဖမ်းဆီး ရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၆-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသ ကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ဘိနယ်၊ညောင်ခြေထောက်ကျေးရွာ၏ အနောက်မြောက်ဘက်(၂)မိုင်ခန့်အကွာ၊ဦ ကျောက်ကွင်းဟောင်းအနီး၊ တောတွင်းနေရာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုးခွဲသား (၈၅၉)ချောင်း(၁၁၀.၆၇၀၈)အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Wednesday, September 23, 2020 - 13:30