လက်ပံတန်းမြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်းအတွင်း မော်တော်ယာဉ်(၁)စီးနှင့်တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ သာယာဝတီမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ နတ်တလင်းမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လက်ပံတန်းမြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်း အကွက်အမှတ်(၆၄)တွင် မော်တော်ယာဉ်အမှတ်(၃က/၆၇၉၂) ယာဉ်နှင့် တရားမဝင် ကျွန်း၊ ပျဉ်းကတိုးသစ်/ခွဲသား/ခွဲခြမ်း (၃၄)လုံး/ ချောင်း/ခြမ်း (၃.၇၅၈၈)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, September 28, 2020 - 13:15