ဆားလင်းကြီးမြို့နယ်၊ သံလျှက်ကိုင်းကျေးရွာအနီး ချင်းတွင်းမြစ်ကမ်းဘေးနေရာ၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ
၂၂-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆားလင်းကြီးမြို့နယ်၊ သံလျှက်ကိုင်းကျေးရွာ၏ အရှေ့မြောက်ဘက်(၁)ဖာလုံခန့်အကွာ ချင်းတွင်းမြစ်ဘေးနေရာတွင် တရားမဝင်အင်ခွဲသား (၃၉၅)ချောင်း (၅.၄၄၃၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/119947988_2787947631440796_3230514506266436692_o.jpg?itok=D2k2rSbP)
date:
Monday, September 28, 2020 - 13:30