ထီးချိုင့်မြို့နယ်၊ မဲဇာချောင်းအတွင်း၊ ဒိုးပင်ရွာအနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ
၂၅-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ မဲဇာချောင်းအတွင်း၊ ဒိုးပင်ရွာအနီးတွင် တရားမဝင်ကျွန်းသစ်(၉)လုံး (၁.၂၉၈)တန်၊ (၃)ပေအောက်ကျွန်းသစ်(၄၁)လုံး (၃.၈၆၈)တန် စုစုပေါင်း (၅.၁၆၆)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/120273662_2791506327751593_6126574861357647501_o.jpg?itok=YW0vFH67)
date:
Wednesday, September 30, 2020 - 13:00