ကန့်ဘလူမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၉-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့နယ်၊ ဘောကျေးရွာအနီးတစ်ဝိုက်နေရာတို့၌ တရားမဝင် အင်ခွဲသား (၅၄)ချောင်း (၈.၃၂၀၄)တန်နှင့် မော်တော်ယာဉ်အမှတ် SGG (7D-7825) UD ကောင်တာ ခေါင်းဖြူ/ပြာကြား(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အင်ခွဲသား (၆)ချောင်း(၁.၂၂၀၂)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/120230037_2793363597565866_2848470496035640756_o.jpg?itok=keiqULVx)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/120239158_2793363614232531_8989103464851000124_o.jpg?itok=369yHjQV)