ကွန်ဟိန်းမြို့နယ်၊ တာကော်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၅-၁၀-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန် ထမ်းများ၊ စစ်ဗျူဟာ(အခြေချ)မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့ နှင့် စ.ရ.ဖမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ တာကော်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်အမှတ် (9B/3831) Nissan စိမ်းရောင် (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၃၆)ချောင်း (၀.၇၈၇၈)တန်နှင့် ကျွန်းပြူတင်းတံခါး (၂၆)ချပ် (၀.၁၆၀၆)တန် စုစုပေါင်း (၀.၉၄၈၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, October 8, 2020 - 10:30