ရပ်စောက်မြို့နယ်၊ တပ်ကြီးကျေးရွာအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၁၀-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရပ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ တပ်ကြီးကျေးရွာအတွင်း မော်တော်ယာဉ် အမှတ် (SHN-2C/6764) UD ၁၀ ဘီး ယာဉ်ပေါ်မှ တရားမဝင် အင်ခွဲသားဆိုဒ်စုံ (၂၈၅)ချောင်း (၈.၇၆၇၀)တန်၊ မော်တော်ယာဉ်အမှတ် (၉ဌ/၈၄၈၄) FAW အပြာ ယာဉ်ပေါ်မှ လုံးပတ် (၃) ပေအောက်အင်သစ် (၆၉)လုံး (၂.၂၃၈၀)တန်၊ မော်တော်ယာဉ်အမှတ် (မပါ) တူးကရောင်း ထော်လာဂျီပေါ်မှ ပေါင်(၃၀)ဝင်မီးသွေး (၆၆)အိတ် (၇.၀၄၀၀)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, October 15, 2020 - 10:45