ဗန်းမောက်မြို့နယ်၊ တပ်လွင်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်၊ တရားမဝင်သစ်များနှင့် ဆင်(၁)ကောင်တို့အား ဖမ်းဆီးရမိ

၂၁-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ တပ်လွင်ကြိုးဝိုင်း အကွက်အမှတ် (၃၁၊ ၃၂)အတွင်း တရားမဝင်ကျွန်းသစ်/ခွဲသား (၉၂)လုံး/ချောင်း (၁၆.၃၄၆)တန်၊ ဝီလင်း(၂၅)ကောင် အင်ဂျင်(၁)လုံးပါ ဆက်စပ်ပစ္စည်းများ၊ Swis ချိန်းဆော(အစိမ်းရောင်)(၁)လုံး၊ မကော့(ခ) အောင်ကော့ အသက်(၆၂)နှစ်ရှိ ဆင်မ(၁)ကောင်၊ ဆင်ဦးစီး(၁)ဦး၊ သစ်စက်ပိုင်ရှင်(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, October 26, 2020 - 16:15