စစ်တွေမြို့နယ်၊ အုန်းတပင်ရပ်ကွက်၊ ဆတ်ရိုးကျချောင်းအတွင်း စက်လှေ(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၉-၁၀-၂၀၂၀ ရက်နေ့တွင် စစ်တွေမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခလရ(၂၃၂)မှ ယာယီ တပ်ရင်းမှူး ပါဝင်သော တပ်မတော်သားများ၊ မြန်မာနိုင်ငံရပ်တပ်ဖွဲ့များ၊ ရေကြောင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ရင်းအမှတ်(၁၂)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်တွေမြို့နယ်၊ အုန်းတပင်ရပ်ကွက်၊ ဆတ်ရိုးကျချောင်းအတွင်း စက်လှေ(၁)စီးပေါ်မှ တရားမဝင် တောင်သရက်ခွဲသား (၁၉၉)ချောင်း (၁၁.၂၇၆၂)တန်အား တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, November 5, 2020 - 13:45