ကလေးမြို့နယ်၊ ကလေး-တမူးကားလမ်း မိုင်တိုင်အမှတ်(၄၅/၅)၊ စော်ဘွာရေရှင်ရွာမြောက်ဘက် (၄)ဖာလုံ ခန့်အကွာမှ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃၁-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တမူးမြို့နယ်၊ အကောက်ခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ပါဝင်သော ဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးမြို့နယ်၊ ကလေး-တမူးကားလမ်း မိုင်တိုင်အမှတ်(၄၅/၅)၊ စော်ဘွားရေရှင်ရွာမြောက်ဘက် (၄)ဖာလုံ ခန့်အကွာမှ မော်တော်ယာဉ် အမှတ် (SGG 9B/5919) NISSAN UD (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အင် ခွဲသား (၁၂၆)ချောင်း (၁၂.၉၃၇၄)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, November 5, 2020 - 13:45