ကသာမြို့နယ်၊ ကျောက်တောင်ကြိုးဝိုင်းအတွင်း ထွန်စက်(နောက်တွဲပါ)(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၁၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ ကျောက်တောင်ကြိုးဝိုင်းအကွက်အမှတ်(၁၀)အတွင်း ထွန်စက်(နောက်တွဲပါ)(၂)စီးပေါ်မှ တရားမဝင် ကျွန်းသစ်(ဗုံတို)/ အင်ကြင်း/ ကညင်/ အင်သစ်/ လုံးပတ်၃ပေအောက်ကျွန်းသစ်(ဗုံတို) (၂၃)လုံး (၃)တန် အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, November 17, 2020 - 14:00