တန့်ဆည်မြို့နယ်အတွင်း ထွန်စက်ယာဉ်များနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၄-၁၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးဆောင်ရွက်လျက်ရှိရာ တန့်ဆည်မြို့နယ်၊ စီပဒုံးချောင်းဖျား၊ တန့်ဆည်-မင်းကင်းမြို့နယ်၊ နယ်နိမိတ်ဆက်စပ်သည့်တည်နေရာအနီးတွင် တရားမဝင်သစ်ယာ/အင်/ ကညင်ခွဲသား ခန့်မှန်း(၄၀)တန်ခန့်အား ဇွဲအမျိုးအစားထွန်စက်(၆)စီးနှင့် စက်ခေါင်းမပါ တာယာဘီးတပ်ထွန်စက် နောက်တွဲယာဉ်(၁၁)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, November 18, 2020 - 11:00