၁၆-၁၁-၂၀၂၀ရက်နေ့မှ ၂၂-၁၁-၂၀၂၀ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၈၁.၁၄၆၈)တန်၊ သစ်မာ (၅၀.၅၇၆၉)တန်၊ အခြား (၂၀၃.၅၇၆၅)တန်၊ စုစုပေါင်း(၃၃၅.၃၀၀၂)တန်၊ တရားခံ(၄၈)ဦး၊ယာဉ်/ယန္တရား(၃၈)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၁-၁၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဖီလေးဘိနယ်၊ ဖီလေးအပတော/ ပြင်တဲကြိုး(၁၉၊ ၂၅၊ ၂၃)နှင့် နမ်းခမ်းဘိနယ်၊ နမ်းခမ်းအပတောအတွင်းတို့မှ တရားမဝင် ကျွန်း/ကညင်/ ထောက်ကြံ့/အင်ကြင်း/နှော သစ်လုံး/ခွဲသား (၆၉၃)လုံး/ချောင်း (၂၁.၆၀၇၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, November 25, 2020 - 11:00