အမရပူရမြို့နယ်၊ စစ်ကိုင်း-မြစ်ငယ်ကားလမ်း၊ စစ်ကိုင်းတံတားအဟောင်းအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၈-၁၂-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းသေကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ စစ်ကိုင်း-မြစ်ငယ်ကားလမ်း၊ စစ်ကိုင်းတံတားအဟောင်းအနီး၊ အိုးထုတ်တန်းလမ်းဆုံတွင် မော်တော်ယာဉ်အမှတ် (MDY 8G-7269) NISSAN UD (ဖြူစိမ်းကြား) ယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား (၂၅၁)ချောင်း (၁၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, December 22, 2020 - 11:30