ရမည်းသင်းမြို့နယ်၊ ထုံကြီးတောင်ကြိုးပြင်အပတောအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
၂၁-၁၂-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ ခ.လ.ရ (၄၁၁)မှ ဗိုလ်မှူးကြီး ဝင်းကျော်သန့် ဦးစီးသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ ထုံကြီးတောင်ကြိုးပြင်အပတောအတွင်း၊ မဟာချောင်းဘေးအနီးနေရာများ၌ တရားမဝင်ကညင်/စကားဝါ/ရေမနေ/သစ်ယား/တောင်တမာသစ်/ခွဲခြမ်း/ခွဲသား (၅၀၈)လုံး/ခြမ်း/ချောင်း (၃၅)တန်နှင့် ဂျင်ဒေါင်းအင်ဂျင်(၃၀)ကောင်(၃)လုံးပါသစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/132031584_2864899360412289_5800082561508326301_o.jpg?itok=NI6IGJGR)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/132250805_2864899303745628_4473104235118173922_o.jpg?itok=7PB-Qepk)
date:
Monday, December 28, 2020 - 15:15