ပုသိမ်ကြီးမြို့နယ်၊ တောင်ကျွန်းကြိုးဝိုင်းအတွင်း ခွင့်ပြုချက်ရယူမှုမရှိဘဲ တောလမ်းဖောက်လုပ်ခြင်းအား ဖမ်းဆီးအရေးယူခြင်း

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၈-၁-၂၀၂၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မန္တလေးခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ပြင်ဦးလွင်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ တောင်ကျွန်းကြိုးဝိုင်း အကွက်အမှတ်(၇၊ ၉၊ ၁၁၊ ၁၂)အတွင်း မတ္တရာ-ပြင်ဦးလွင်ဆက်သွယ်သည့် တောလမ်းဟောင်း တိုးချဲ့ဖောက်လုပ်ခြင်းအား ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သဖြင့် အရေးယူဆောင်ရွက်ခဲ့ရာ ဘက်ဟိုးယာဉ်(၄)စီး၊ ယာဉ်အမှတ်မပါ NISSAN Diesel မော်တော်ယာဉ်(၁)စီး၊ ချိန်းဆော(၁)လက်နှင့် ရင်စို့လုံးပတ်(၁)ပေ အောက်နှင့် (၃)ပေအောက်သစ်ပင် (၁၉၃)ပင်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, January 12, 2021 - 16:00