မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ "စိမ်းလန်းမြေ" အမည်ရှိ မီးပုံးပျံဖြင့်လွှတ်တင်ပူဇော်

နေပြည်တော်ကောင်စီနယ်မြေ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရဝုဏ်အတွင်း (၁၄-၁၁-၂၀၂၄) ရက်နေ့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံပျံလွှတ်တင်ပူဇော်ယှဥ်ပြိုင်ခြင်းအခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ" စိမ်းလန်းမြေ" အမည်ရှိ ညမီးကျည် မီးပုံးပျံဖြင့် ပါဝင်၍ လွှတ်တင်ပူဇော်ယှဥ်ပြိုင်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ " စိမ်းလန်းမြေ"မီးပုံးပျံလွှတ်တင်ပူဇော်နိုင်ရေးအတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မီးပုံးပျံဆိုင်ရာလုပ်ငန်းစဥ်များ စနစ်တကျပြင်ဆင်ခြင်း၊ ယမ်းများမီးကျည်များအား နည်းလမ်းတကျပြင်ဆင်ခြင်းများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး "စိမ်းလန်းမြေ" မီးပုံးပျံကြီးအား အောင်မြင်ပျော်ရွှင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။ မီးပုံးပျံလွှတ်တင်ရာတွင် ဧည့်ပရိတ်သတ်များအား ကျောက်ဆည်ဆင်ဖြူအကအလှများဖြင့်လည်းကောင်း ဦးရွှေရိုးနှင့် ဒေါ်မိုးအကအလှများဖြင့်လည်းကောင်း ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြပြီး ဝန်ထမ်းမိသားစုများမှ ပျော်ရွှင်စွာဖြင့် တီးမှုတ်ကခုန်၍ "စိမ်းလန်းမြေ" မီးပုံးပျံကြီးအား အောင်မြင်စွာလွှတ်တင်ပူဇော်နိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Tuesday, January 21, 2025 - 23:15