သရက်ခရိုင် ၊ သစ်တောဦးစီးဌာနမှ မီးခိုး/မြူငွေ့ လျှော့ချရေး နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်း၊ သရက်ခရိုင်၊ သစ်တောဦးစီးဌာနမှ(၁၇-၁၁-၂၀၂၄) ရက်နေ့တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ အားပြုလုပ်ခဲ့ပါသည်။ ဦးထွန်းညွန့်တင်( ခရိုင် လ/ထ ညွှန်မှူး )မှ မီးခိုးမြူငွေ့လျှေ့ာချရေးဆိုင်ရာအသိပညာပေးခြင်း ကိုလည်းကောင်း၊ ဦးမိုးအာကာကျော်(ခရိုင်ဦးစီးအရာရှိ) မှ ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေးအသိပညာပေးခြင်းကိုလည်းကောင်း၊ဦးဟန်မင်းထွန်း(သရက်မြို့နယ်ဦးစီးအရာရှိ)မှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးနှင့်လျော့နည်းစေရေးအသိပညာပေးခြင်းကို၎င်းဟောပြောခဲ့ကြပါသည်။တက်ရောက်သူ ဆရာ/ဆရာမ (၉)ဦး၊ ဒေသခံ ရပ်မိ/ရပ်ဖ (၂) ဦး ၊ နတလ ကျောင်းသူ/သား(၆၀)ဦး ၊စုစုပေါင်း (၇၁)ဦး တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

date: 
Wednesday, January 22, 2025 - 00:00